Jobs In Myanmar
Load...

Talent Management by Successful Companies: Insights from Recent Research

by www.jobsinyangon.com


Tags: Knowledge-HRM-Talent-Management-JobsInYangon



အောင်မြင်သောကုမ္ပဏီများ၏ အရည်အချင်းရှိသူများကို စီမံခန့်ခွဲခြင်း - လတ်တလော လေ့လာတွေ့ရှိချက်များ 

 

အောင်မြင်သောကုမ္ပဏီများ၏ အရည်အချင်းရှိသူများကို စီမံခန့်ခွဲခြင်း 

ယခင်ကတင်ပေးခဲ့တဲ့ ဆောင်းပါးများတွင် အောင်မြင်သောကုမ္ပဏီများဟာ ဦးဆောင်ဦးရွက်ပြုနိုင်သူ ခေါင်းဆောင်ကောင်းများကို တိုးတက်မှုရှိစေရန်အတွက် မွေးမြူသင်ကြားပေးကြပြီး ပိုမိုမြင့်မားတဲ့ တာဝန်များကို သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းတွင် တိုးတက်မှုရှိလာသည်နှင့်အမျှ တာဝန်ယူနိုင်စေရန်အတွက် ဘယ်လိုတွေပြုစုပျိုးထောင်ပေးကြသလဲဆိုတာကို ဖော်ပြပေးဖူးပါတယ်။ နယ်ပယ်တစ်ခုအတွင်းတွင်သာမက နယ်ပယ်များ အားလုံးတွင် ကောင်းမွန်မှုရှိစေရန်လိုအပ်သည့်အတွက် HRM ရဲ့ လုပ်ဆောင်ချက်များဟာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိနေပါတယ်။ အခြားတစ်နည်းအားဖြင့် ကုမ္ပဏီတစ်ခုဟာ ဈေးကွက်အတွင်း ထိပ်တန်းအရည်အချင်းပြည့်မှီသူများကို ဆွဲဆောင်နိုင်စေမည့် brand image တစ်ခုရှိရုံနဲ့ လုံလောက်မှုမရှိသေးပါဘူး။ ထိုအရည်အချင်းရှိသူက ကုမ္ပဏီအတွင်းသို့ ရောက်ရှိကာဝင်ရောက်အလုပ်လုပ်ကိုင်ပြီးနောက်တွင်လည်း အခြေအနေကောင်းများကိုဆက်လက်၍ ထိန်းသိမ်းထားနိုင် ခြင်းမရှိပါက အချည်းနှီးဖြစ်ပါလိမ့်မယ်။ 

ဥပမာအားဖြင့် - အိန္ဒိယနိုင်ငံသားပိုင် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Infosys ကိုကြည့်လိုက်ပါ။ များစွာသော ဘွဲ့ရပညာ တတ်များအတွက် ထိုနေရာတွင်အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းရသည်မှာ အိမ်မက်များ အမှန်တကယ်အကောင်အထည် ပေါ်လာခြင်းပင်ဖြစ်သော်လည်း လွန်ခဲ့သောနှစ်များအတွင်းက အဆိုပါကုမ္ပဏီဟာ အရည်အချင်းရှိသူများကို ထိန်းသိမ်းထားခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတို့တွင် အားနည်းနေသည့်အတွက် အံ့အားသင့်ဖွယ်ရာ ဝန်ထမ်းနှုတ်ထွက်မှု များနဲ့တွေ့ကြုံခဲ့ရပါတယ်။ အခြားသောဘက်တွင်မူ Microsoft, Google နဲ့ Apple တို့ကဲ့သို့ ကုမ္ပဏီများဟာ ဈေးကွက် အတွင်းရှိ အကောင်းဆုံးသောအရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ရုံမျှမက ထိုသူများကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုရှိကြ သည့်အတွက် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းများဟာ အခြားကုမ္ပဏီများက စံနမူနာထားကာ လိုက်ပါလုပ်ဆောင်ရသော model တစ်ခုဖြစ်လာပါတယ်။ 

ယခုဆောင်းပါးတွင် အောင်မြင်သောကုမ္ပဏီများရဲ့ ကောင်းဆုံး talent management လုပ်ဆောင်ချက်များကို ခွဲခြမ်းစိတ် ဖြာ၍ လေ့လာသွားမည့်အပြင် အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ခြင်းနှင့် မွေးထုတ်ပေးရာတွင် HRM လုပ်ဆောင်ချက်ရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

 

Talent Management တွင်ရှိသင့်သော ဝိသေသလက္ခဏာများ 

Global ကုမ္ပဏီများရဲ့ ပထမဦးဆုံးသော ဝိသေသတစ်ခုမှာ သူတို့ရဲ့ဝန်ထမ်းခေါ်ယူခြင်းလုပ်ဆောင်ချက်များတွင် အမြင်ကျဉ်းမြောင်းမှုမရှိခြင်းပဲဖြစ်ပါတယ်။ ထိုအစား နိုင်ငံတကာမှ အရည်အချင်းရှိသူများကိုခေါ်ယူခြင်း၊ မတူကွဲပြားတဲ့ နောက်ခံများရှိကြတဲ့ဝန်ထမ်းများကိုခေါ်ယူခြင်းတို့ကိုပြုလုပ်ပြီး များစွာသောလူမျိုး၊ ဘာသာများကို လက်ကမ်းကြိုဆိုခြင်း အားဖြင့် ယျေဘူယျအားဖြင့် ဝန်ထမ်းများအားလုံးကို မတူကွဲပြားသောနေရာများမှ ရှာဖွေခေါ်ယူခြင်းကိုပြုလုပ်ကြပါတယ်။ 

အခြားတစ်ခုကတော့ အလားအလာကောင်းမွန်သူများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပြီး ထိုအရာက ခေါင်းဆောင်သူ (leader) များလိုအပ်လာတဲ့အခြေအနေမျိုးတွင် ထုတ်ယူအသုံးပြုနိုင်ရန်အတွက် ထိုအဖွဲ့အစည်းအတွက် အဆင်သင့်ရှိနေမည့် leader pool တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအရာကို များစွာသောကုမ္ပဏီများတွင်လည်း ကျင့်သုံးနေကြပြီဖြစ်သော်လည်း အောင်မြင်သောကုမ္ပဏီများကတော့ လက်ရှိတွင်အခြေအနေတစ်ခုရှိနေပြီးသား (အောင်မြင်မှုအချို့ရရှိပြီးသား) leader များအပြင် နောက်ထပ်ပေါ်ပေါက်လာနိုင် တဲ့ leader များကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီနေရာတွင် အရေးကြီးသောအချက်မှာ အောင်မြင်သော talent management ကို လုပ်ဆောင်နိုင်စေရန်အတွက် HRM ဝန်ထမ်းနဲ့ အကြီးတန်း management တို့က talent development လုပ်ငန်းစဉ်တစ်လျှောက်အတွင်းရှိ အလားအလာကောင်းမွန်တဲ့ leader များရဲ့ စာရင်းကို ရေးဆွဲသတ်မှတ် ထားဖို့ လိုအပ်ပါလိမ့်မယ်။ အခြားတစ်နည်းအားဖြင့်ဆိုသော် အဆိုပါကုမ္ပဏီများဟာ အနိမ့်ပိုင်းဝန်ထမ်းအဆင့်များမှစတင်၍ middle နဲ့ senior management level များအထိ လေ့လာဆန်းစစ်မှုများကို ပြုလုပ်ပေးကြတာပဲဖြစ်ပါတယ်။ 

အောင်မြင်သော talent management တစ်ခုအတွက် ရှိသင့်သော တတိယ ဝိသေသတစ်ခုမှာ - လက်ရှိ ရှိနေသောဝန်ထမ်းများအတွက် vertical နဲ့ horizontal job opportunities များကိုထောက်ပံ့ပေးထားခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ တာဝန်များကို ပြောင်းလဲထမ်းဆောင်နိုင်စေပြီး သူတို့ရွေးချယ်လိုက်တဲ့ အလုပ်တာဝန်/ အခန်းကဏ္ဍတွင် စိတ်ကျေနပ်မှုတဖြစ်လဲ အကျိုးဖြစ်ထွန်းမှုများကို ရှာဖွေနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီဝိသေသလက္ခဏာဟာ ဘာကြောင့်အလွန်အရေးကြီးရပါသလဲဆိုပါလျှင် သူတို့ရဲ့ဝန်ထမ်းများကို အလုပ် function များ (သို့) role များပြောင်းလဲမှုကို ခွင့်ပြုပေးခြင်းမရှိတဲ့ ကုမ္ပဏီများတွင် ဝန်ထမ်းများအကြား၌ များစွာသော မကျေနပ်မှုများရှိလာနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ 

 

စိတ်ကျေနပ်မှုရှိပြီး အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းခွင်အစဉ်အလာများကို ဖော်ဆောင်ခြင်း 

အောင်မြင်သော talent management တစ်ခုရဲ့ စတုတ္ထရှုထောင့်ကတော့ အဆိုပါကုမ္ပဏီများရဲ့ သူတို့တွင်ရှိနေသော ဝန်ထမ်းများအတွက် အလုပ်နေရာအပြောင်းအရွှေ့များကိုပေးအပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီနေရာတွင် ထိုသို့အပြောင်းအရွှေ့ ပေးနိုင်ခြင်းဆိုသည်မှာ အရည်အချင်းရှိသူများကို အားနည်းချက်များရှိနေသောနေရာများသို့ ရွှေ့ပြောင်းပေးခြင်းမဟုတ်ပဲ ဝန်ထမ်းများရဲ့ တစ်ကိုယ်ရည်ဘဝတိုးတက်မှုကိုလည်း ထည့်သွင်းစဉ်းစား၍ ပြောင်းရွှေ့ပေးခြင်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာတွင် အဓိကအချက်ဟာ အောင်မြင်တဲ့ talent management တစ်ခုတွင် ဝန်ထမ်းများအနေနဲ့ မိမိရဲ့ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ရသည်မှာဂုဏ်ရှိသောအရာတစ်ခုအဖြစ် ခံစားရစေနိုင်ပြီး မိမိကိုယ်ကိုရှာဖွေတွေ့ရှိနိုင်စေ ရန်အတွက် သူတို့ရဲ့လိုအပ်ချက်များနဲ့ စိတ်ကျေနပ်မှု/ အကျိုးဖြစ်ထွန်းစေမှုများကို ကုမ္ပဏီကထည့်သွင်းစဉ်းစားပေးတယ်လို့ ခံစားရစေနိုင်ဖို့လည်း လိုအပ်ပါတယ်။ 

အောင်မြင်သောကုမ္ပဏီများဟာ ဝန်ထမ်းဗဟိုပြုသောပေါ်လစီများကို ချမှတ်ထားလေ့ရှိကြပြီး တစ်ကိုယ်ရည်တိုးတက်မှုကို အားပေးကာ ပျိုးထောင်ပေးနိုင်စေမည့် တက်ကြွသော fast-paced environment တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်ကို ဦးတည်ချက်ထားကြပြီး ထိုကဲ့သို့သော work environment မျိုးဟာ အကျိုးအမြတ်ရရှိဖို့ကိုသာ အဓိကထားတဲ့ workplace (လုပ်ငန်းခွင်) များထက် ပိုမို၍ စိတ်အားထက်သန်တက်ကြွသောဝန်ထမ်းများကို ရှိလာစေမှာဖြစ်ပါတယ်။ 

 

အဆုံးသတ်အမြင်များ 

အဆုံးသတ်တွင် အောင်မြင်သောကုမ္ပဏီများတွင် သူတို့ပေးအပ်ထားတဲ့ လစာငွေများဟာ လုပ်ငန်းနယ်ပယ်အတွင်းရှိ စံသတ်မှတ်ချက်များနဲ့ကိုက်ညီမှုရှိသော်လည်း အခြားသောကုမ္ပဏီများလောက် မြင့်မားမှုမရှိရင်တောင်မှ ထိုကဲ့သို့သော ကုမ္ပဏီများတွင် ဝန်ထမ်းများထွက်ခွာမှု/ နှုတ်ထွက်မှုနှုန်းဟာ ပိုမို၍ လျော့နည်းပါလိမ့်မည်။ အခြားသောတစ်နည်းအားဖြင့် ဆိုသော် အောင်မြင်သော talent management တစ်ခုတွင် leadership, development, talent management နဲ့ performance management ဆိုတဲ့ နယ်ပယ်များအားလုံးတွင် ကျွမ်းကျင်မှုရှိနေဖို့လိုအပ်မှာဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS