Jobs In Myanmar
Load...

Tips for Interview (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Interview-Tips-General-JobsinYangon



 

အလုပ်အင်တာဗျူးများအတွက် သိမှတ်ဖွယ်ရာများ (အပိုင်း - ၁)

 

အလုပ်အင်တာဗျူးတစ်ခုဆိုသည်မှာ သင့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူတစ်ဦးထံသို့ သင့်ကိုယ်သင်ရောင်းချရန် အခွင့်အလမ်းတစ်ခုဟုယူဆနိုင်ပါတယ်။ ထိုအရာက အနည်းငယ်ပိုပြောထားတဲ့ ရှင်းလင်းဖော်ပြချက်တစ်ခု ဖြစ် ကောင်းဖြစ်နိုင်သော်လည်း တစ်ချို့သောနည်းလမ်းများအရမှန်ကန်မှုရှိနေပါတယ်။ အင်တာဗျူးသူများဟာ သင့် ကို ဝေဖန်ခြင်း၊ သင့်ရဲ့ကျွမ်းကျင်မှုများကိုအကဲဖြတ်ခြင်း၊ သင့်ရဲ့အရည်အသွေးပြည့်မှီမှုများကို စဉ်းစားဆုံးဖြတ် ခြင်းနှင့် သင်ဟာ သူတို့ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုနှင့် အကောင်းဆုံးကိုက်ညီမှုရှိသူတစ်ဦးလားဆိုတာကို ဆုံး ဖြတ်ကြည့်ရှုမှုပြုနေတာဖြစ်ပါတယ်။ 

အလုပ်ရှင်မှ သင့်အား ထိုအလုပ်အတွင် အလွန်သင့်တော်ကောင်းမွန်တဲ့ လုပ်သားလောင်းလျာတစ်ဦးအဖြစ် မြင်လာစေဖို့လုပ်နိုင်တဲ့ နည်းလမ်းအချို့ရှိနေပါတယ်၊ 

 

အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ သိမှတ်ဖွယ်ရာများနဲ့ နည်းလမ်းများ

သင့်ရဲ့အလုပ်အင်တာဗျူးအောင်မြင်စေဖို့အတွက်သိမှတ်ဖွယ်ရာများနဲ့နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ နည်းလမ်း (၁၂) ချက်ရှိနေပါတယ်။ ထိုနည်းလမ်းများကို အပိုင်း (၃) ပိုင်းခွဲပြီး စာဖတ်သူပရိတ်သတ်တို့အတွက် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် အပိုင်း (၂) နဲ့ အပိုင်း (၃) ကိုလည်း နောက်ရက်များတွင် စောင့်မျှော်ဖတ်ရှုပေးကြပါခင်ဗျာ။ 

ဒီတော့ အပိုင်း (၁) ကို ကျွန်တော်တို့အတူ လေ့လာကြည့်လိုက်ကြရအောင်။ 

 

၁။ အင်တာဗျူးမစတင်မှီတွင် ကုမ္ပဏီအားလေ့လာပါ။

အင်တာဗျူးမစတင်မှီတွင် ကုမ္ပဏီအားလေ့လာပါ။ ဝန်ထမ်းလောင်းတစ်ဦးမှ အချိန်ယူပြီးကုမ္ပဏီအားလေ့လာမှု ပြုလုပ်တဲ့အခါမှာ ဘယ်သူကတော့ဖြင့်ဒီရာထူးကို အလေးအနက်ထားတဲ့သူဖြစ်တယ်ဆိုတာကို ဝန်ထမ်းခေါ်ယူမှု ပြုနေတဲ့မန်နေဂျာများမှသိစေနိုင်မှာဖြစ်ပါတယ်။ 

အင်တာနက် Search engine များကိုအသုံးပြုပြီးလေ့လာခြင်းက ကုမ္ပဏီအများစုရဲ့ တန်ဖိုးရှိသော/ အရေးပါ သော သတင်းအချက်အလက်များကိုဖော်ပြပေးနိုင်ပါတယ်။ ဝန်ထမ်းများနဲ့ သုံးစွဲသူများထံမှ ဝေဖန်မှုများကို Search Engine များကိုအသုံးပြုပြီး အကောင်းဆုံးကြိုးစားရှာဖွေခြင်းက ကုမ္ပဏီအများစုရဲ့တန်ဖိုးရှိသော/ အရေးပါတဲ့ သတင်းအချက်အလက်များကို ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ ဝန်ထမ်းများနဲ့ သုံးစွဲသူများရဲ့ ဝေဖန်အကြံပြုမှုများကို jobsinyangon.com, Linkedin ကဲ့သို့သော site များတွင် အကောင်းဆုံး ကြိုးစားရှာ ဖွေကြည့်လိုက်ပါ။ 

အခုမှစတင်မည့်ကုမ္ပဏီများအတွက်မူ၊ ထိုကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားသူများနဲ့ လုပ်ငန်းလက်တွဲ ဖော်များဟာဘယ်သူတွေလဲဆိုတာကိုကြိုးစားရှာဖွေဖော်ထုတ်သလို၊ လက်ရှိအချိန်အထိ ငွေကြေးပမာဏမည်မျှ ရရှိ၊ ရှာဖွေနိုင်ခဲ့သည်ဆိုသည်ကိုလဲ ရှာဖွေဖော်ထုတ်ပါ။ အခုမှစတင်တဲ့အလုပ်တစ်ခုဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး (အကယ်၍ ထိုလုပ်ငန်းအသစ်ဟာ ကျရှုံးခဲ့ရင်ပေါ့) ဆိုတာကိုတော့သတိပြုပါ။ သို့ပေမယ့် အကျိုး အမြတ်ဖြစ်ထွန်းတဲ့ ကုမ္ပဏီတစ်ခုကို စကတည်းကဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ဘဝခရီးလမ်းကို သာ ယာဖြောင့်ဖြူးမှုရှိစေမှာဖြစ်ပါတယ်။ 

 

၂။ သင်ဘာကိုဝတ်ဆင်မယ်ဆိုတာကို စီစဉ်ထားပါ

ကနဦးအမြင် (first impression) များဟာ အလုပ်အင်တာဗျူးများတွင် အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါ တယ်။ သင်ဟာဘာဝတ်ရမှန်းမသိဖြစ်နေပါက အလုပ်ခွင်တစ်ခုရဲ့ ဝတ်စားဆင်ယင်ပုံ (workplace dress code) ကို ကြိုတင်မေးမြန်းမှုပြုထားပါ။ စိတ်အချရဆုံးကတော့ ကောင်းစွာဖီးလိမ်းပြင်ဆင်မှု၊ အမြင်အေးစေတဲ့အ ရောင်များနဲ့၊ သင့်လျော် တဲ့ accessory တွေကိုဂရုစိုက်အသုံးပြုပြီး professional ကျကျဝတ်စားဆင်ယင်ဖို့ပါပဲ။ 

အကယ်၍သင်ဟာ အလုပ်တစ်ခုကိုအစဉ်တစ်စိုက်ရှာဖွေနေသူတစ်ဦးဖြစ်ပါက အင်တာဗျူးဝတ်စုံအချို့ကို ပြင် ဆင်ထားပါ။ ဒါက နောက်ဆုံးအချိန်တွင် သင်ဘာကိုဝတ်ဆင်ရမလဲဆိုတာအပေါ်စိတ်ရှုပ်၊ စိတ်ညစ်ရမှုများ မဖြစ်စေရန် ကူညီပေးနိုင်ပါလိမ့်မယ်။ 

 

၃။ အင်တာဗျူးနည်းစနစ်များနဲ့ တုန့်ပြန်မှု/ ပြန်လည်ဖြေကြားမှုများကိုလေ့ကျင့်ပါ

အလုပ်ခေါ်ယူသူများဟာ အင်တာဗျူးဖြေဆိုသူတို့ကို ခက်ခဲတဲ့မေးခွန်းတွေကိုမေးမြန်းခြင်းဖြင့် ဝန်ထမ်းများဟာ ကိုက်ညီစွာအလုပ်လုပ်နိုင်မှု ရှိ၊ မရှိနဲ့ သူတို့ဟာ ဖိအားများကို မည်သို့ ရင်ဆိုင်နိုင်သလဲဆိုတာကိုအကဲဖြတ်ရန် အတွက် လုပ်ဆောင်လာနိုင်ပါတယ်။ အလုပ်အတွေ့အကြုံများ၊ စိတ်ဖိစီးရတဲ့အခိုက်အတန့်များ၊ ခက်ခဲသော ဆုံး ဖြတ်ချက်များနဲ့ နောင်နှစ်အချို့ကြာလျှင်သင်ဘယ်နေရာသို့ရောက်နေမလဲ အစရှိတဲ့မေးခွန်းများကိုမျှော်လင့်ထားပါ။

အမေးများသောအင်တာဗျူးမေးခွန်းများကိုဖြေဆိုရန် လေ့ကျင့်ထားပါ။ အကယ်၍သင်ဟာ အင်တာဗျူးအတွက် လိုတာထက်ပိုပြီး စိတ်လှုပ်ရှားမှုဖြစ်နေပါက သင့်ရဲ့မိသားစုဝင် (သို့) သူငယ်ချင်းတစ်ယောက်ယောက်ကို အင်တာဗျူးသူအနေနဲ့ သရုပ်ဆောင်ခိုင်းပြီး သင့်ကိုယ်သင် ဗွီဒီယိုမှတ်တမ်းတင်ထားပါ။ သင်ရွေးချယ်ထားတဲ့ အင်တာဗျူးဝတ်စုံကိုလည်းဝတ်ဆင်ထားလိုက်ပါ။ ဒါမှ သင်ဟာအမှန်တကယ်ဖြစ်ပျက်နေသလိုခံစားရမှာပါ။ 

အလေ့ကျင့်လွန်ပြီး စက်ပစ္စည်းဆန်ဆန်ဖြေကြားနေတဲ့ သူတစ်ဦးကို ဘယ်သူမှဌားရမ်းချင်ကြမှာ မဟုတ်သော် လည်း ကြိုတင်ပြင်ဆင်မှုရှိထားခြင်းဟာ သငိ့ကိုယ်သင်လုံလောက်တဲ့ယုံကြည်မှုကိုရှိစေမှာဖြစ်ပါတယ်။ ထိုအခါ သင့်ရဲ့ ယခင်က ဆက်စပ်မှုရှိတဲ့ အလုပ်တာဝန်တွေအကြောင်းအသေးစိတ်ကို သင့်အနေနဲ့ အင်တာဗျူးအချိန်အ တွင်းမှာ ပြန်လည်စဉ်းစားပြောဆိုနိုင်စေမှာပဲဖြစ်ပါတယ်။ 

လူအများစုအဖို့ အင်တာဗျူးဖြေဆိုရာတွင်ကောင်းမွန်စွာဖြေဆိုနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ များ စွာသော အင်တာဗျူးတွေကိုလိုက်လံဖြေဆိုဖို့ပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာလည်းဒီအတိုင်းပဲဆိုပါက အကောင်းဆုံးကတော့ သင်ဟာ ထိုအလုပ်တစ်ခုကို သိပ်ပြီးနှစ်သက်မှုမရှိဘူးဆိုရင်တောင်မှ အင်တာဗျူးများကို ဖြေဆိုကြည့်ဖို့ပဲဖြစ်ပါတယ်။ သင်ဟာထိုအလုပ်တစ်ခုကို ရရ၊ မရရ သိပ်ဂရုမစိုက်ဘူးဆိုရင်တောင်မှ အလုပ်ခေါ် ယူသူကို ပေးမသိလိုက်သင့်ပါဘူး။ အကယ်၍ သင်ဟာတစ်ကြိမ်ထက်မက အင်တာဗျူးဖြေဆိုတဲ့အတွေ့အကြုံရှိ ပါက သင်အမှန်တကယ်လိုချင်တဲ့အလုပ်တစ်ခုအတွက်အရေးပါတဲ့အင်တာဗျူးကိုအောင်မြင်အောင်ကူညီပေးနိုင် ပါလိမ့်မယ်။ 

 

၎။ အမူအကျင့်ဆိုင်ရာ အင်တာဗျူးမေးခွန်းများအတွက် ပြင်ဆင်ထားပါ

အလုပ်ခေါ်ယူသူများဟာ အမူအကျင့်ဆိုင်ရာမေးခွန်းများကိုအသုံးပြုပြီး ရရှိခဲ့တဲ့အောင်မြင်မှူတွေကိုသိရှိရန်နှင့် နောင်တချိန်တွင်ရရှိလာနိုင်တဲ့ အောင်မြင်မှုတွေကိုခန့်မှန်းနိုင်ရန် မေးမြန်းမှုများပြုလုပ်တတ်ကြပါတယ်။ အမူအ ကျင့်ဆိုင်ရာမေးခွန်းများဆိုသည်ဟာ အင်တာဗျူးမေးခွန်းမေးသူအား သင့်ရဲ့တစ်ကိုယ်ရည်အမူအကျင့်များနဲ့ အလုပ်ခွင်အတွင်း စိတ်ထားရှိတတ်မှု/ ရင့်ကျက်မှုအခြေအနေကို သိရှိလာစေနိုင်ရန် ပြုလုပ်ပေးနိုင်ပါတယ်။ 

ဒီမေးခွန်းတွေဟာ အလုပ်လျှောက်ထားသူတစ်ဦးရဲ့ အလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်စွမ်းနဲ့ ကျွမ်းကျင်မှု များကိုဖော်ထုတ်ပေးနိုင်တဲ့အတွက် အလုပ်ခေါ်ယူသူဖက်မှလိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိစေရန်အတွက် သင့်ရဲ့ ကျွမ်းကျင်မှုများကို ဖော်ပြပေးနိုင်တဲ့အဖြေများကို ကြိုတင်ပြင်ဆင်မှုထားရန်အလွန်အရေးကြီးပါတယ်။ သင့်ရရှိ ခဲ့ဖူးတဲ့အောင်မြင်မှုများထဲမှ သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်၊ အဖွဲ့လိုက်အလုပ်လုပ်နိုင်မှုစွမ်းရည်၊ ပြဿနာဖြေရှင်း မှုစွမ်းရည်၊ အငြင်းပွားမှုများကိုဖြေရှင်းမှုစွမ်းရည်နှင့် အမှားများမှသင်ယူနိုင်ခြင်းတို့ကို ပေါ်လွင်စေမည့် အောင် မြင်မှုများကို ဂရုစိုက်တင်ပြပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS