Tags: News-WhatsApp-Communities-Feature-JobsInYangon
Discord နဲ့ ဆင်တူသော Communities လို့အမည်ပေးထားတဲ့ လုပ်ဆောင်ချက်တစ်ခုကို WhatsApp မှ စမ်းသပ်လျှက်ရှိ
The Verge မှ သတင်းတစ်ပုဒ်အရ WhatsApp ဟာ Discord server များရဲ့ လုပ်ဆောင်ချက်များနဲ့ အသွင်တူတဲ့ Administrator များအနေနဲ့ group chat များကို group ကြီးတစ်ခုအောက်တွင် စုစည်းတည်ဆောက်၍ ရနိုင်စေမယ့် Communities လို့အမည်ပေးထားတဲ့ feature အသစ်တစ်ခုကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
ဥပမာအားဖြင့် သင့်အနေနဲ့ အကြီးစားခေါင်းစဉ်တစ်ခုအောက်ရှိ top-level community chat တစ်ခုရဲ့အောက်တွင် ပိုမိုသေးငယ်တဲ့ group chat များနဲ့ ချိတ်ဆက်၍တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကောလိပ်သင်တန်းတစ်ခုရဲ့ community အောက်တွင် အဆိုပါမူရင်း group နဲ့ ချိတ်ဆက်ထားတဲ့ သက်ဆိုင်ရာ study group chat များကို ဖွဲ့စည်းတည်ဆောက်နိုင်ကြတော့မှာဖြစ်ပါတယ်။
အဆိုပါ chat group များအားလုံးကို end-to-end encryption နည်းပညာဖြင့် အကာအကွယ်ပြုလုပ်ပေးထားမှာဖြစ်တယ်လို့လည်း သိရှိရပြီး Admin များအနေနဲ့ ၎င်းတို့ရဲ့ community များသို့ လူတစ်ဦးချင်းစီကို manual ဖိတ်ကြားခြင်း (သို့မဟုတ်) invitation link ကို ဖော်ပြပေးခြင်း အားဖြင့် ဖိတ်ကြားမှုများကိုပြုလုပ်နိုင်မှာဖြစ်သလို အဆိုပါ group များကို ကြီးကြပ်မှုပြုလုပ်သူများအနေနဲ့လည်း community တစ်ခုလုံးကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ tool များကို ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေမှာတော့ အဆိုပါ feature ကို စမ်းသပ်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် အခြားသောအသေးစိတ်အချက်အလက်များကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.