Jobs In Myanmar
Load...

Why Do New Employees Leave?

by www.jobsinyangon.com


Tags: Knowledge-Employee-Turnover-HR-JobsinYangon



အလုပ်သမားအသစ်တွေ ဘာကြောင့် အလုပ်ထွက်ကုန်ပါသလဲ?

.

ကျွန်တော်တို့ အလုပ်သမားအသစ်တွေအကြောင်း ခဏလောက် အာရုံစိုက်ကြည့်ကြရအောင်။ အစမ်းခန့်ကာလများမှာ အလုပ်ရှင်များဟာ သူတို့အလုပ်ခန့်လိုက်တဲ့သူတော်ရဲ့လား၊ ကောင်းရဲ့လား၊ ဘယ်လိုမျိုး လိုက်လျောညီထွေဖြစ်အောင်နေထိုင်နေလဲ၊ သူတို့ဖက်က စပြီးလုပ်ငန်းတာဝန်တွေကို တောင်းဆိုတာမျိုးရှိရဲ့လား၊ သူတို့တွေပျော်နေပုံရလား ဆိုတာ‌တွေကို အကဲဖြတ်ကြသလို။ အလုပ်သမားအသစ်များဖက်မှလည်း သင့်ရဲ့ အဖွဲ့အတွင်းသို့ ဝင်ရောက်ရန်အတွက် သူတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ပါရဲ့လားဆိုတာကို အကဲဖြတ်နေတာဖြစ်ပါတယ်။ သူတို့ကိုပေးထားတဲ့ လုပ်ငန်းတာဝန်၊ သူတို့ ပါဝင်ဆောင်ရွက်ရတဲ့ အပိုင်းတွေက သူတို့မျှော်လင့်ထားတာနဲ့ ထပ်တူကျရဲ့လား၊ သူတို့ကို နွေးနွေးထွေးထွေးနဲ့ တစ်တန်းတည်းထားပြီး အဖွဲ့ဝင်တွေအဖြစ် အသိမှတ်ပြုကြရဲ့လား၊ အလုပ်သမားခေါ်ယူသည့်အချိန်တုန်းကသူတို့ကို‌ပြောပြခဲ့သည့်အတိုင်း ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာများ၊ အမူအကျင့်များ၊ ကျင့်ဝတ်များ၊ အစရှိသည်တို့က ကိုက်ညီမှုရှိပါရဲ့လား။ (အလုပ်သမားခေါ်ယူချိန်က ပြောကြားခဲ့သော Company Culture နဲ့ ကိုက်ညီမှုရှိရဲ့လား) ဆိုတာတွေကို အလုပ်သမားများဖက်မှ အကဲဖြတ်နေတာဖြစ်ပါတယ်။

ပထမဦးဆုံးအလုပ်စတင်တဲ့ ရက်၉၀ ဟာ သင့်ရဲ့ အလုပ်သမားတွေအနေနဲ့ သင့်ရဲ့ကုမ္ပဏီမှာဆက်နေဖို့ စဉ်းစားဆုံးဖြတ်တဲ့အပေါ် များစွာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အချက်ကျကျပြောရမည်ဆိုလျှင် Jobsinyangon.com မှပြုလုပ်ခဲ့သော စာရင်းပြုစုမှုအချက်အလက်များအရ ၃၀% သော အလုပ်ရှာဖွေသူများဟာ အလုပ်စဝင်ပြီး‌နောက် ရက်ပေါင်း ၉၀အတွင်း အလုပ်မှ နှုတ်ထွက်သွားခဲ့ဝာာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ထိတ်လန့်စရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် အလုပ်သမားဌားရမ်းခေါ်ဆိုဖို့ရာအတွက် ဒေါ်လာထောင်နဲ့ချီ ကုန်ကျနိုင်မှာဖြစ်ပြီး (အလုပ်သမားအား ပြန်လည်အစားထိုးရပါက အဆိုပါ ကုန်ကျစားရိတ်အား ပိုမိုကြီးထွားလာစေမှာဖြစ်လို့ပါပဲ)။ 

အလုပ်သမားဌားရမ်းရာတွင် ပိုမို၍ထိ‌ထိရောက်ရောက်ရှိအောင်နှင့် အလုပ်ထွက်သည့်နှုန်း လျော့နည်းစေရန်အတွက် ဘာကြောင့် အလုပ်သမားများမှ အလုပ်ထွက်ကြပါသလဲဆိုတာကို နားလည်ထားပါက သင့်ရဲ့ ပါရမီရှိသူများကို ရွေးထုတ်ရန် မဟာဗျူဟာတွင် အကူအညီပေးနိုင်ပါလိမ့်မယ်။ 

 

အောက်ပါအချက်များဟာတော့ ဘာကြောင့် အလုပ်သမားတွေ အလုပ်ထွက်ကြလဲဆိုတဲ့ အဓိကအချက် (၃) ချက်ဖြစ်ပါတယ်။

၁။ နေ့စဉ်နေ့တိုင်း လုပ်ငန်းဆောင်တာအပြောင်းအလဲများဖြစ်နေခြင်း

အလုပ်သမားလောင်းလျာများမှ အလုပ်များကိုရှာဖွေသည့်အခါတွင် အလုပ်ခေါ်ယူငှားရမ်းသည့် လုပ်ငန်းစဉ်အပေါ်နှင့် စာရွက်စာတမ်းများ တင်ယူရသည့်အပေါ် လေးလေးနက်နက်ရှိကြပါသည်။ သင်က "နှင့် အထက်မှချမှတ်သော အခြားလုပ်ငန်းတာဝန်များ" ဟု Job Description (လုပ်ငန်းတာဝန်ရှင်းလင်းဖော်ပြချက်) တွင် ထည့်သွင်း‌ဖော်ပြထားလျှင်သော်မှ အလုပ်သမားများဟာ လုပ်ငန်းတာဝန်အသစ်များဆီသို့ ဝင်ရောက်လာခြင်းမှာ တိကျတဲ့ တာဝန်ဝတ္တရားတွေရှိဖို့ မျှော်လင့်ထားပြီး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ စာရင်းပြုလုပ်ချက်တွေအရ အလုပ်စဝင်သည့်နေ့မှ ရက် ၉၀ အတွင်း အလုပ်မှထွက်ခွာခဲ့သူများ၏ ၄၃% မှာ သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာများဟာ သူတို့မျှော်လင့်ထားတာနဲ့ တလွဲစီဖြစ်နေသောကြောင့်လို့ ဖြေကြားခဲ့တာကို ဖော်ပြနေပါတယ်။

သင်သည်အလုပ်သမားများကို လုပ်ငန်းတာဝန် တစ်ခုအတွက်သာဌားရမ်းပြီး သူတို့ကို အခြားများစွာသော တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်နေပါသလား? အချို့သောသူများကတော့ ထိုကဲ့သို့ပတ်ဝန်းကျင်မျိုးမှာရှင်သန်နိုင်သော်လည်း အခြားအလုပ်သမားများမှာတော့ အလွန်အမင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် အလုပ်ပင်ပန်းမှုများဖြစ်စေနိုင်ပါတယ်။ Gallup's State of the American Workplace report မှတွေ့ရှိသည်မှာ "၆၀% သော အလုပ်သမားများမှာ လုပ်ငန်းတာဝန်တစ်ခုတွင် သူတို့အကောင်းဆုံးလုပ်နိုင်တဲ့ အရာကိုသာလုပ်နိုင်ဖို့က အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့လျှောက်ထားလိုက်တဲ့ လုပ်ငန်းတာဝန်ဟာ အပြောင်းအလဲဖြစ်ခဲ့မယ်ဆိုလျှင် ခက်ခဲတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုဖြစ်သွားပါတယ်ဟု ပြောကြားခဲ့ပါသည်။"

အလုပ်ခန့်ရန် စီမံခန့်ခွဲရသူ မန်နေဂျာတစ်ဦးအနေဖြင့် သင့်ရဲ့တာဝန်ဟာ လူအများလျှောက်ထားလိုက်သော အလုပ်တာဝန်ဟာ များသောအားဖြင့် သူတို့အမှန်တစ်ကယ် ပြုလုပ်ရမည်ဖြစ်သော လုပ်ငန်းတာဝန်ဖြစ်စေဖို့အတွက် သေသေချာချာ ချမှတ်ရမှာဖြစ်ပါတယ်။ အလုပ်ရဲ့တည်ဆောက်ပုံအပေါ်တွင် လုပ်ငန်းတာဝန်အပြောင်းအလဲများအား သင့်အနေဖြင့် ထည့်သွင်းတည်ဆောက်နိုင်ပါသည်။ သို့သော် အဆိုပါအပြောင်းအလဲများအား ထိရောက်မှုရှိစေရန်နှင့်၊ လက်ခံလာစေရန်အတွက် ဆက်သွယ်ပြောဆိုမှုများရှိဖို့ လိုအပ်မည်ဖြစ်ပါသည်။

 

၂။ ဖြစ်စဉ်၊ ဖြစ်ရပ်များ သို့မဟုတ် ဆိုးရွားသောအတွေ့အကြုံများမှ သူတို့အားနှင်ထုတ်လိုက်ပါတယ်။

အခြားသောလေ့လာချက်အရ ၃၄% သော အလုပ်သမားများ အလုပ်စတင်ဝင်ရောက်ပြီးမကြာမှီ အလုပ်ထွက်ခွာရခြင်းမှာ အလုပ်အတွင်းရှိ မကောင်းသောအတွေ့အကြုံများနှင့် အဖြစ်အပျက်များကြောင့်ဖြစ်ပါသည်။ သင့်အနေဖြင့် ရုံးခန်းအတွင်းဖြစ်ပွားနေသမျှ အသေးစိတ်ကိစ္စများအား ထိန်းချုပ်နိုင်မှု၊ မြင်တွေ့နိုင်မှု မရှိဘူးဆိုလျှင်တောင်မှ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ရှိပြီး ရှင်သန်နေသော ကုမ္ပဏီယဉ်ကျေးမှုအား တည်ဆောက်နိုင်ဖို့ရာအတွက်ရည်ရွယ်ချက်ထားရမှာဖြစ်ပါတယ်။ သင့်အလုပ်သမားတွေအနေနဲ့ သင့်အားချည်းကပ်ဖို့ရာ သက်တောင့်သက်သာရှိမနေဘူးလို့ ခံစားနေရပါက နောက်ပိုင်းအချိန်များတွင် သူတို့၏ယုံကြည်မှုရရှိရန် ခက်ခဲသွားပါလိမ့်မည်။

သင့်ရဲ့အာရုံထဲကိုဝင်ရောက်လာတဲ့ ပြသနာဖြစ်နိုင်ဖွယ်ရှိတဲ့ ကိစ္စရပ်တိုင်းကို ပြောကြားပါ။ အလုပ်သမားအသစ်များနှင့် စကားစမြည်ပြောဆိုပြီး သူတို့အတွက်သင်ဟာ သူတို့ဘက်မှာရှိကြောင်း၊ အထောက်အပံ့ဖြစ်ကြောင်း၊ နှင့် တစ်ခုခုလိုအပ်ပါက ပြောကြားနိုင်ကြောင်း တို့အား သူတို့ကို သိစေရမည်ဖြစ်ပါတယ်။ ထိုကဲ့သို့သော ရိုးရှင်းသော အပြုအမူများဟာ ဖြစ်လာနိုင်သော ပြသနာများကို သင့်အားကျော်လွှားသွားစေနိုင်မှာဖြစ်ပြီး ဝန်ထမ်းများမြဲမြံတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရာမှာ ကြီးစွာသောခြားနားချက်ကိုရရှိမှာဖြစ်ပါတယ်။

 

၃။ ကုမ္ပဏီရဲ့အစဉ်အလာက သူတို့နဲ့ ကိုက်ညီမှုမရှိလို့ 

နောက်ဆုံးမှရေးတဲ့ အတွက် အရေးမပါဘူးလို့တော့ မထင်လိုက်ပါနဲ့။ Jobvite ရဲ့လေ့လာမှုများအရ ကုမ္ပဏီရဲ့အစဉ်အလာများဟာ ၃၂% သော သူတို့အတွက် အလုပ်မှထွက်ခွာစေတဲ့ အကြောင်းအရာဖြစ်နေပါတယ်။ ဒါကြောင့် သင့်ကုမ္ပဏီရဲ့အစဉ်အလာယဉ်ကျေးမှု (ကုမ္ပဏီရဲ့ အကြံဉာဏ်တွေ၊ ထုံးတမ်းစဉ်လာတွေ၊ လူတွေရဲ့ ဆက်သွယ်ပြောဆိုပုံတွေ) အစရှိသည်တို့ကို တတ်နိုင်သမျှ တိတိကျကျနဲ့ အလုပ်ခေါ်စဉ်အချိန်ကတည်းက ဖော်ပြထားဖို့ အလွန်အရေးကြီးရခြင်းဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ သင်ဟာဘယ်သူလဲဆိုတာနဲ့  သင့်ရဲ့ဝန်ထမ်းတွေအမှန်တစ်ကယ်လက်တွေ့အလုပ်မှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေကို ဖော်ပြနေတဲ့ ရိုးသားတဲ့ လုပ်ငန်းရှင်အမှတ်တံဆိပ်တစ်ခုတည်ဆောက်လိုက်တဲ့အခါမှာ ပိုမိုပြီးရေရှည်လက်တွဲလုပ်နိုင်ဖို့ကိုက်ညီတဲ့ အသိပညာကြွယ်ဝတဲ့ လုပ်သားလောင်းလျာတွေကို ပိုမိုစွဲဆောင်နိုင်ပါလိမ့်မယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS