by www.jobsinyangon.com
Tags: Knowledge-Interview-Tips-General-JobsinYangon
အလုပ်အင်တာဗျူးများအတွက် သိမှတ်ဖွယ်ရာများ (အပိုင်း - 3)
အလုပ်အင်တာဗျူးတစ်ခုဆိုသည်မှာ သင့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူတစ်ဦးထံသို့ သင့်ကိုယ်သင်ရောင်းချရန် အခွင့်အလမ်းတစ်ခုဟုယူဆနိုင်ပါတယ်။ ထိုအရာက အနည်းငယ်ပိုပြောထားတဲ့ ရှင်းလင်းဖော်ပြချက်တစ်ခု ဖြစ် ကောင်းဖြစ်နိုင်သော်လည်း တစ်ချို့သောနည်းလမ်းများအရမှန်ကန်မှုရှိနေပါတယ်။ အင်တာဗျူးသူများဟာ သင့် ကို ဝေဖန်ခြင်း၊ သင့်ရဲ့ကျွမ်းကျင်မှုများကိုအကဲဖြတ်ခြင်း၊ သင့်ရဲ့အရည်အသွေးပြည့်မှီမှုများကို စဉ်းစားဆုံးဖြတ် ခြင်းနှင့် သင်ဟာ သူတို့ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုနှင့် အကောင်းဆုံးကိုက်ညီမှုရှိသူတစ်ဦးလားဆိုတာကို ဆုံး ဖြတ်ကြည့်ရှုမှုပြုနေတာဖြစ်ပါတယ်။
အလုပ်ရှင်မှ သင့်အား ထိုအလုပ်အတွင် အလွန်သင့်တော်ကောင်းမွန်တဲ့ လုပ်သားလောင်းလျာတစ်ဦးအဖြစ် မြင်လာစေဖို့လုပ်နိုင်တဲ့ နည်းလမ်းအချို့ရှိနေပါတယ်၊
အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ သိမှတ်ဖွယ်ရာများနဲ့ နည်းလမ်းများ
သင့်ရဲ့အလုပ်အင်တာဗျူးအောင်မြင်စေဖို့အတွက်သိမှတ်ဖွယ်ရာများနဲ့နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ နည်းလမ်း (၁၂) ချက်ရှိနေပါတယ်။ ထိုနည်းလမ်းများကို အပိုင်း (၃) ပိုင်းခွဲပြီး စာဖတ်သူပရိတ်သတ်တို့အတွက် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပြီး အပိုင်း (၁) နဲ့ (၂) ကိုတော့ ယခင်နေ့ က ဖော်ပြပေးခဲ့ပြီးပြီဖြစ်ပါတယ်။
ဒီတော့ နောက်ဆုံးဖြစ်တဲ့ အပိုင်း (၃) ကို ကျွန်တော်တို့အတူ လေ့လာကြည့်လိုက်ကြရအောင်။
၉။ လစာနဲ့ အကျိုးခံစားခွင့်များအကြောင်းမမေးပါနဲ့
သင့်ရဲ့ပထမဆုံးအင်တာဗျူးတွင် အလုပ်ခေါ်ယူသူမှ မပြောကြားသရွေ့ လစာအကြောင်းကိုမေးမြန်းမှုမပြုပါနဲ့။ အကယ်၍သူတို့က သင့်လက်ရှိအလုပ်တွင်မည်မျှရသလဲ၊ လစာအတိအကျကိုဖော်ပြပါ ဒါမှမဟုတ် ခန့်မှန်းလစာ ကိုပြောပါ စသည်ဖြင့် မေးမြန်းလာပါက၊ ဖြစ်နိုင်ရင် လစာကိစ္စစကားပြောဖို့ အနည်းငယ်စောနေသေးတယ်လို့ သင်ခံစားရကြောင်းကို သင့်ဖက်မှပြောဆိုနိုင်ပါတယ်။ ပထမအင်တာဗျူးတွင် အရေးအကြီးဆုံးကတော့ သင်နဲ့ ကုမ္ပဏီတို့ရဲ့အကြား ကိုက်ညီမှုရှိတယ်လို့ ခံစားရစေဖို့ပဲဖြစ်ပါတယ်။
အကျိုးခံစားခွင့်တွေအကြောင်းကိုလဲ အင်တာဗျူးမေးမြန်းသူမှမပြောကြားသရွေ့ မေးမြန်းမှုမလုပ်ပါနဲ့ နောက်ပြီး အချိန်ပိုလုပ်ချင်တယ်ဆိုတာကို ပြသဖို့အတွက်ဆိုရင်တောင်မှ ဘယ်တော့မှ အချိန်ပိုကိစ္စအကြောင်းကို ထည့် မပြောပါနဲ့။ အင်တာဗျူးမေးမြန်းသူတို့က သင်ဟာခဏခဏအချိန်ပိုအကြောင်းကိုပြောဆိုမေးမြန်းမှုပြုတာကို သတိထားမိစေမှာဖြစ်ပြီး ပုံမှန်အလုပ်လုပ်ချိန်များတွင် သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို သံသယဖြစ်လာနိုင်စေပါ တယ်။
၁၀။ အမြဲတမ်းရိုးသားမှုရှိပါ
အကယ်၍သင်ဟာ အရင်အလုပ်မှ ဖယ်ရှားခြင်း၊ ထုတ်ပယ်ခြင်းခံခဲ့ရတယ်ဆိုပါက လိမ်မပြောပါနဲ့ အမှန်တရား ကို သင့်ကိုဌားရမ်းမှုမပြုလုပ်မှီမှာပင် သိရှိသွားနိုင်ပါတယ်။
အကယ်၍ သင်လိမ်ပြောခဲ့ပြီး ရိုးသားမှုမရှိခဲ့ပဲနဲ့ ထိုအလုပ်နေရာကိုရရှိသွားခဲ့ပါက အမှန်တရားကိုသိရှိသွားတဲ့ အခါမှာ ထိုကုမ္ပဏီအတွင်းရှိ သင့်ရဲ့အနာဂါတ်ဟာ ကမောက်ကမတွေဖြစ်သွားနိုင်ပါတယ်။
အဖြေများဖြေဆိုရာတွင် တတ်နိုင်သမျှ ချက်နဲ့လက်နဲ့ဖြေဆိုမှုပြုပါ။ ပွင့်လင်းမှုနဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိပါ၊ သင့် ရဲ့အလုပ်လုပ်ကိုင်တဲ့သက်တမ်းတစ်လျှောက်ဖြစ်ပေါ်ခဲ့တဲ့ ဂုဏ်ယူဖွယ်မကောင်းတဲ့အရာတွေအတွက် ခိုင်မာတဲ့ အကြောင်းပြချက်များကိုပေးပါ။
အကယ်၍သင်ဟာ အလုပ်မှဖယ်ရှားခြင်းခံခဲ့ရပါက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကြောင့်မဟုတ်ကြောင်းနှင့် သင့်ကိုဖယ်ရှားမှုပြုလုပ်ခဲ့တဲ့ကုမ္ပဏီမှ အညွှန်းစာ (reference) ပေးအပ်နိုင်ကြောင်း ရှင်းလင်းပြောဆိုနိုင်ပါ တယ်။ အကယ်၍ သင်ဟာ အလုပ်မှထုတ်ပယ်ခြင်းခံခဲ့ရပါက “သူတို့မှသင့်အားထွက်ခွာခွင့်ပေးလိုက်သည်” ကဲ့သို့ ပိုမို ညင်သာတဲ့ စကားစုများကို ရွေးချယ်သုံးနှုန်းနိုင်ပါတယ်။ အညွှန်းစာများနှင့် အလုပ်ထောက်ခံစာ (letter of recommendation) များဟာ ဒီအဆင့်မှာ အဓိကအကူညီပေးနိုင်ပါတယ်။
၁၁။ မေးမြန်းရန်မေးခွန်းများ အသင့်ရှိနေပါစေ
အလုပ်အင်တာဗျူးဆိုသည်မှာ သင့်ရဲ့အတွေ့အကြုံ၊ အောင်မြင်မှုများနှင့် ကုမ္ပဏီအစဉ်အလာများနှင့် ကိုက်ညီမှု ရှိနေမှုတို့ကို စစ်ဆေးမှုပြုလုပ်ခြင်းဖြစ်ပါတယ်။ ထို့အပြင် သင့်အတွက် ထိုကုမ္ပဏီဟာ သင့်တော်ကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခု ဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးနိုင်ဖို့ အခွင့်အလမ်းလဲဖြစ်ပါတယ်။ သင့်ရဲ့ အသိဉာဏ်ရှိမှုနှင့် ပြောဆိုဆက်ဆံတတ်မှုစွမ်းရည် (ကောင်းမွန်စွာနားထောင်နိုင်ခြင်း) တို့ကို အမျှော်အမြင်ရှိတဲ့မေးခွန်းများ/ ဂရုတ စိုက်စဉ်းစားပြီးမှ မေးမြန်းတဲ့မေးခွန်းများကိုမေးမြန်းမှုပြုပေးခြင်းအားဖြင့် ပြသနိုင်ပါတယ်။ ဥပမာ -
• ကုမ္ပဏီမှ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအချို့ဟာ ဘာတွေပါလဲ?
• သင့်ကုမ္ပဏီကို ၅နှစ် (သို့) ၁၀နှစ်အကြာတွင် ဘယ်နေရာသို့ရောက်နိုင်မယ်လို့ထင်ပါသလဲ?
• သင့်နဲ့ သင့်ရဲ့ကုမ္ပဏီအတွက် အောင်မြင်မှုဆိုတာ ဘာကိုဆိုလိုပါသလဲ?
• ဒီအလုပ်ရာထူးရှိ အရင်ကဝန်ထမ်းများဟာ ဘာတွေကိုလုပ်ခဲ့ပါသလဲ?
• ကျွန်တော်ကတော့ ကျွန်တော်ဟာ ဒီကုမ္ပဏီအတွက် သင့်လျော်မယ်လို့ထင်ပါတယ်။ ထိုအရာကို သံသ ယရှိနေသေးပါက ထိုသံသယများ ပျောက်သွားစေရန် ကျွန်တော်ဘာများလုပ်ပြနိုင်ပါမလဲ?
အစရှိတဲ့ မေးခွန်းများကို မေးမြန်းမှုပြုနိုင်ပါတယ်။ ဒီနေရာမှာတော့ ဝန်ထမ်းခေါ်ယူမှုပြုလုပ်နေတဲ့ မန်နေဂျာ တစ်ဦးကို အလုပ်အင်တာဗျူးချိန်အတွင်း မေးမြန်းနိုင်မယ့် မေးခွန်းများဖြစ်ပါတယ်။
၁၂။ အင်တာဗျူးပြီးနောက် စုံစမ်းမေးမြန်းမှုပြုပါ/ (Follow-Up) လိုက်ပါ။
အင်တာဗျူးဖြေဆိုပြီးနောက် ၂၄ နာရီအတွင်း follow-up လိုက်ခြင်းက ကောင်းတဲ့အကြံတစ်ခုဖြစ်ပါတယ်။ အင် တာဗျူးမေးမြန်းသူများအားလုံးထံသို့ Email ပို့ပါ။ ဒါမှမဟုတ် သင်ဟာရေရှည်တည်မြဲတဲ့ ကောင်းမွန်တဲ့အမြင် တစ်ခုကို လုပ်ဆောင်လိုပါက ကျေးဇူးတင်လွှာများပေးပို့နိုင်ပါတယ်။
Email (သို့) စာထဲတွင် အင်တာဗျူးမေးမြန်းသူကို သူ/ သူမရဲ့အချိန်အတွက် ကျေးဇူးတင်ကြောင်းနှင့် ထိုအခွင့် အလမ်းတစ်ခုအပေါ်တွင် သင်စိတ်ဝင်စားမှုရှိကြောင်း ထပ်မံပြောဆိုပါ၊ နောက်ပြီး သင့်ရဲ့မှတ်စုများထဲမှ အင်တာ ဗျူးမေးမြန်းသူရဲ့ အဓိကအာရုံစိုက်တဲ့အကြောင်းအရာတစ်ခုအကြောင်းကို ထည့်သွင်းပြောကြားမှုပြုလုပ်ပေးပါ။
အထက်ပါ အပိုင်း (၁)၊ (၂)၊ (၃) တွင်ပါဝင်တဲ့အချက်များကတော့ စာဖတ်သူပရိတ်သတ်များကို အလုပ်အင်တာဗျူး များ ကောင်းမွန်စွာဖြေကြားနိုင်စေရန်ကူညီပေးမယ့်အချက်များပဲဖြစ်ပါတယ်။ ဒီအချက်တွေကိုအသုံးပြုပြီး လက် တွေ့ဘဝမှာ အောင်မြင်မှုများကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ www.jobsinyangon.com အဖွဲ့သား များမှ ဆုမွန်ကောင်းတောင်းပေးရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
RHENUS LOGISTICS
..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Digital Dots
.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing.
Our passion for se...
Show the postings (7)
River King Ayeyar Construction Co., Ltd.
Our Vision
To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us.
Our Mission
To deliver excellence quality in time...
Show the postings (14)
Min Zar Ni Group of Companies
The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Fourteen Star Network Co., Ltd.
“To Be The Best Service Leader for Medical Devices”
.Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)